ကျောက်ဆည် အောက်တိုဘာ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ငွေ ကျပ်သိန်း(၃၀၀) ထုတ်ချေး ပေးပြီး ရရှိလာသောအတိုးနှုန်း၏ (၅၀)ရာခိုင်နှုန်းဖြင့် လိုအပ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယနေ့နံနက်(၁၀) နာရီက မြစိမ်းရောင် အတိုးရငွေ (၅၀)ရာနှုန်းနှင့် ပြည်သူထည့်ဝင်ငွေများစုပေါင်း၍ ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီရေး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းကြီးကြပ်သည့်အဖွဲ့နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် လက်ပန်ကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေးရငွေကျပ်(၁၀၃)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၈၄)သိန်း ရှစ်သောင်းနှင့် အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ၊ကျေးရွာတွင်းကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှု၊ ဘုံကွင်းကျေးရွာတွင် မြစိမ်းရောင်အတိုးရ ငွေကျပ်(၁၁၀)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၇၇)သိန်းရှစ်သောင်းကျပ်နှင့် အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှု၊ ပြည်တော်သာကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေကျပ်(၁၀၆)သိန်း ၊ပြည်သူထည့်ဝင်ငွေကျပ် (၈၁)သိန်းရှစ်သောင်းနှင့် အရှည်(၁၀၀၀)ပေ၊အကျယ်(၁၂)ပေ၊ထု(၆)လက်မ၊ ကျေးရွာတွင်းကွန်ကရစ် လမ်းဆောင်ရွက်ထားရှိမှု၊ ရန်ပုံနှစ်ကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေကျပ်(၁၃၂)သိန်း၊ ပြည်သူထည့်ဝင် ငွေ ကျပ်(၅၅)သိန်း ရှစ်သောင်းကျပ်နှင့် အရှည်(၁၀၀၀)ပေ၊အကျယ်(၁၂)ပေ၊ထု(၆)လက်မ ကျေးရွာတွင်း ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းများ ဆောင်ရွက်ရာတွင် ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်ပြည်သူများ စုပေါင်းပြီး ဆောင်ရွက်သည့် လမ်းများဖြစ်သောကြောင့် သတ်မှတ်စံညီစံနှုန်းများဖြင့်အညီ အရည်အသွေးပြည့်မီမှု ရှိ/မရှိ စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)