မိုင်းဖြတ်၌ စွန်​တောင်းစေ​တီ​တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ​ရှေး​ဟောင်းသမိုင်းဝင်စွန်တောင်းစေတီ​တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၂၅ရက်၊ ပြာသိုလပြည့်​နေ့၌ အဆိုပါ​စေတီ​တော်ပရဝုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ န​မောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်​တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)​ကျောင်း တိုက်ဆရာ​တော် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တနန္ဒောဘာသထံမှ ပရိသတ်များက ငါးပါးသီလခံယူ​ဆောက်တည်ခဲ့ကြသည်။ ယင်း​နောက် သံဃာ​တော်အရှင်သူမြတ်များက ပရိတ်တရား​တော်များကို ရွတ်ဖတ်ပူ​ဇော်ခဲ့ကြပြီး ခေတ္တစစ်ဆင်​ရေးကွပ်ကဲ​ရေးမှူး ဗိုလ်မှူးကြီး ကျော်လင်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ​ဒေသခံတိုင်းရင်းသားပြည်သူများက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်သွန်းချအမျှ​ပေး​ဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပပြုလုပ်ရာ (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တနန္ဒောဘာသနှင့် ပင့်သံဃာ​တော်အရှင်သူမြတ်တို့အား ဗိုလ်မှူးကြီး​ကျော်လင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ​ဒေသခံပြည်သူများက ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ​လောင်းလှူခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)