မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၀)နှစ်ပြည့်ပြီးသူမဲဆန္ဒရှင်များ နှင့်နိုင်ငံ့ဝန်ထမ်းများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံအသီးသီးတွင် ကြိုတင်ဆန္ဒမဲပေး

ကျောက်ပန်းတောင်း အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်တွင် အသက်(၆၀)နှစ်ပြည့်ပြီး သူမဲဆန္ဒရှင်များ၊ ကော်မရှင် တာဝန်နှင့် မဲရုံတာဝန် ထမ်းဆောင်ကြမည့် နိုင်ငံဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို၊ ယနေ့နံနက် (၈)နာရီကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိပြီး၊ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ(၈)ရက်(တနင်္ဂနွေနေ့) တွင်ကျင်းပသွားမည် ဖြစ်ရာ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ အနက်၊ အသက်(၆၀)နှစ်နှင့်အထက်ရှိသူ (၁၉၆၀ပြည့်နှစ်နှင့် ယင်းနှစ်၏ရှေ့ပိုင်း မွေးဖွားသူ) မဲဆန္ဒရှင်များသည် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်သော အခြေအနေမရှိသူများအနေဖြင့် ယနေ့မှ စ၍ အောက်တိုဘာ(၅)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိပြီး၊ အသက်(၆၀)နှစ်ပြည့်ပြီးသူများအပြင်၊ ခရီး ဝေးသွားရောက်မည့် နိုင်ငံ့ဝန်ထမ်းများ၊ ကော်မရှင်တာဝန်နှင့် မဲရုံတာဝန် ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်ကြို တင်ဆန္ဒမဲပေးနိုင်ကြောင်းလည်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်(၁၂)ရ ပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၀၉) အုပ်စုကျေးရွာပေါင်း(၃၃၉)ရွာတွင် အသက်(၆၀)နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူပေါင်း( ၄၁၀၀၆)ဦးရှိကြောင်း သိရပြီး မဲရုံ အလိုက် ကြိုတင်ဆန္ဒမဲများပေးလျက်ရှိနေကြပြီဖြစ်သည်။ ထို့အပြင် အပြစ်ကျခံနေရသည့် အချုပ်သားများနှင့် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိနေကြသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုဝင်ဘာ(၆)ရက်နေ့နှင့်(၇)ရက်နေ့များ တွင် ကြိုတင် ဆန္ဒမဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းကိုလည်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)