သုံးခွမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အ.ထ.က ၁ ကျောင်းတွင် ကျင်းပ

သုံးခွ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က ၁ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် G9 ကျောင်းသား၊ ကျောင်းသူလေးများက" ဘက်စုံပညာကိုရည်” သီချင်း​ဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ဦးမြင့်သိန်းက အမှာစကားပြောကြားပြီး G12 ကျောင်းသား မောင်မောင်သွင်က မယ်ဒလင်ဖြင့် မင်္ဂလာ ၁၂ ပါးသီချင်းဖြင့် ဆက်လက်သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပညာရည်ချွန်ပေးပွဲကို ကျင်းပရာ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆု၊ G9 G5 A အဆင့်ရရှိသူများ၊ ထူးချွန်ဆရာ၊ ဆရာမများနှင့် စာပေ၊ စာစီစာကုံး၊ ပန်းချီဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းအကျိုးတော်ဆောင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)