စမ်းချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်

စမ်းချောင်း ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး  အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို  စမ်းချောင်းမြို့နယ် လင်းလွန်း ​(မြောက်) ရပ်ကွက်ရှိ၊ သရက်တောလမ်း၊ ကျောင်းကုန်းလမ်း၊ ဗဟိုလမ်းတို့၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းကို အဖွဲ့ () ဖွဲ့ဖြင့် ကွင်းဆင်းခဲ့ရာ အဆောက်အဦ  (၅၈) အိမ်ထောင်စု (၃၄၅) စု၊ ကျား (၄၅၀) (၆၉၁) စုစုပေါင်း (၁၁၄၁) ဦး မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်း ကိုမြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် အဖွဲ့ဝင်များကကြီးကြပ်၍ မြို့နယ်လဝကဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)