စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဆုံဆို့၊ မေးခိုင် ကာကွယ်ဆေးတိုးနှံ

စမ်းချောင်း ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ် () အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူ ကလေးသူငယ်များအား ဆုံဆို၊ မေးခိုင်ကာကွယ်ဆေးကို ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ယမန်နေ့ နံနက် (၁၀) နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူမိဘများအား ဖြစ်ပွားတတ်သော ရောဂါများအား ရှင်းလင်းပြောကြားပြီး ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးကို ကျား (၁၇၃)ဦး၊ မ (၂၁၇)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၃၉၀) ဦး ထိုးနှဲပေးခဲ့ပြီး၊ ထိုသို့ထို့းနှံပေးရာတွင် ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း