မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ အထူးရဲ သင်တန်းဆင်းပွဲ ကျင်းပ

ချီဖွေ အောက်တိုဘာလ    ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက သင်တန်းဆင်းလအမှာစကားပြောကြားပြီး၊ မြို့နယ် ရဲတပ်မှူး ယာယီရဲမှူး နိုင်တင်အေးက သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် ၂၀၂၀ပြည့် နှစ်၊ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ရန် အထူးရဲများကို ခန့်အပ်ပြီး သင်တန်းဖွင့်လှစ်ကာ ပို့ချဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း အထူးရဲများသိသင့် သိထိုက် သော ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေ၊ ဥပဒေများကို သင်ကြားပို့ချခဲ့ ပြီးဖြစ်၍ အထူးရဲများမှ မိမိတို့တာဝန်ကျရာ မဲရုံများတွင် လုံခြုံရေးဆောင်ရွက်ရာ၌ ပေးအပ်ထားသော အထူးရဲတာဝန်များကို ကျေပွန်စွာထမ်းဆောင် ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် သင်တန်းသား အထူးရဲ (၄၇) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ အနေဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈) ရက်နေ့အထိ သင်တန်းမှူး ဒု- ရဲအုပ် နိုင်ထွန်းဦးနှင့် အခြားသင်တန်းနည်းပြ (၃)ဦးတို့မှ စာတွေ့လက်တွေ့သင်ကြားပို့ချ၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

နန်းမြင့်(ပြန်/ဆက်)