ညောင်ဦး ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက ဘုရားအမှတ် ၆၂၉ ဂူဘုရားအတွင်းရှိ အတော်အတန်သင့်ကြီးမားသည့် ထိုင်တော်မူဆင်းတုတော်အားဖူးမြော်ပြီး လက်ရာ ကောင်းမွန်စွာကျန်ရှိနေသေးသော ဂန(GaNa) ရုပ်တုများကို လေ့လာနိုင်ကြောင်း သိရသည်။
ဘုရားအမှတ် ၂၆၉ ဂူဘုရားသည် အေဒီ ၁၂ ရာစု လက်ရာဖြစ်ပြီး အနောက်ဘက် မုခ်လှည့်ဂူဘုရားတစ်ဆူဖြစ်ကာ မပြုပြင်မီကတိုက်မအရှေ့ဘက်နှင့် တောင်ဘက်နံရံမှာ အမြင့် (၇)ပေခန့်ရှိပြီး မြောက်ဘက်နံရံမှာ တိုက်မချင်မိတ်တိုးအထိ မြေပြင်မှအမြင့်ပေ(၂၀) ခန့်မှာ အာရုံခံကောင်းစွာကျန်ရှိနေသည်။ အတွင်းထိုင်တော်မူဆင်းတုတော်ကြီးမှာ ဉာဏ်တော် (၉)ပေခန့်ရှိပြီး ပလ္လင်တော်မှာအင်္ဂတေဖြင့်ပြုလုပ်ထားပြီး ဧရာဝဏ်ဆင်ရုပ်တု၊ ခြင်္သေ့ရုပ်တုနှင့် ဦးခေါင်းနှစ်လုံးပါရှိသော ဂန(GaNa) ရုပ်တုများလက်ရာကောင်းမွန်စွာ ကျန်ရှိကျန်ရှိနေသေးသည်ကိုလေ့လာနိုင်ကြောင်း၊ တိုက်မအတွင်း ပုဂံခေတ်နံရံဆေးရေး ပန်းချီအချို့ကျန်ရှိနေသေးပြီး၊ တိုက်မအပြင်ဘက်နံရံတွင် အင်္ဂတေပန်းဆွဲလက်ရာများ အကောင်းအတိုင်းအချို့ ကျန်ရှိနေသေးသည်ကို လေ့လာနိုင်သည်။
ဘုရားအမှတ် ၆၂၉ ဂူဘုရားပတ်ဝန်းကျင်တွင် ဘုရားအမှတ် ၆၂၆၊ ၆၂၇၊ ၆၂၈၊ ၆၃၀ ဂူဘုရားများကို တဆက်တစပ်တည်း လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း