တွံတေး ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် Pfizer (Original Strain) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီမိနစ် ၃၀ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးလာသူပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို အသက်(၅၀)နှစ်အထက်နိုင်ငံဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ စုစုပေါင်း(၃၁၆)ဦး ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။ ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တွံတေးသား