ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ ကြိုတင်မဲဆန္ဒပြုခြင်း စတင်ဆောင်ရွက်

လွိုင်လင် အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများ၌ မဲရုံပေါင်း ၈၁ ရုံဆောင်ရွက်ထားပြီး မဲပေးပိုင်ခွင့် ရှိသူ (၉၆၆၂၄ ဦး) ရှိရာ   မဲဆန္ဒရှင်ပြည်သူများ ကြိုတင်မဲဆန္ဒပြုခြင်းကို ယနေ့နံနက်()နာရီအချိန်က လွိုင်လင် မြို့ပေါ်  ရပ်ကွက်()ခုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ စနစ်တကျ စတင်ဆောင်ရွက်ခဲ့ကြသည်။

လွိုင်လင်မြို့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်ရှိကြပြီး အဆိုပါ ကြိုတင်မဲဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြိုတင်မဲဆန္ဒပြုခြင်း စတင်ဖွင့်လှစ်ကြောင်းကြေငြာခြင်း၊ ကြိုတင်မဲဆန္ဒမပြုမီ မဲပုံးအတွင်းအလွတ်ဖြစ်ကြောင်းပြသခြင်း၊ ကြိုတင် မဲဆန္ဒပုံးအားသေချာစွာ ချိတ်ပိတ်ခြင်းကို လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူများရှေ့တွင် သေချာစွာပြုလုပ်ပြသခြင်းတို့ကို ဆောင်ရွက်ပြ သပေးခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများက စတင်မဲဆန္ဒပြုခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းသန့်(ပြန်/ဆက်)