တပ်ကုန်း ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်တွင် စာအောင်သံဃာများ ဂုဏ်ပြုပူဇော်ခြင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၊ ဇနကဗိမာန်တော်ကြီးတွင် ကျင်းခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသည့် စေတနာရှင်များက မဟာဇနကပရိယတ္တိစာသင် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝရဉာဏထံမှ ရှစ်းပါးသီလဖံယူဆောက်တည်ခဲ့ပြီး၊ မဟာဇနကပရိ ယတ္တိစာသင်တိုက် ဦးစီးပဓာနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏာရဟ ဆရာတော် က သာရဏီယဩဝါကထာ နာကြားခဲ့ပြီးနောက် ပထမပြန်စာမေးပွဲအောင်မြင်ကြသည့် သံဃာ (၁၅) ပါး၊ မဇ္ဈိမနိကာယဘွဲ့ရ သံဃာတစ်ပါးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၆) ဦးတို့အား စေတနာရှင်များ ဆုငွေနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် လှူဒါန်းမှုအစုစုကို မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌ ဂုရု ဘဒ္ဒန္တအာစိဏ္ဏမထေရ်မြတ်က ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး၊ တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ထမင်း၊ ဟင်း ဧည့်ခံကျွေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်