မြင်းခြံမြို့ အ.ထ.က(၁)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပ

မြင်းခြံ ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က(၁) ဧရာဝတီခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား/သူများအား စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် စည်းလုံးညီညွတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လတ်ကကျေးဇူးတင်စကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်(ပြန်/ဆက်)