တောင်ဥက္ကလာပ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးခက်ခဲ၍ အလုပ်အကိုင် အခွင့် အလမ်း ရှားပါးသော အိမ်ထောင်စုများအား We Love South Okkalapa အဖွဲ့က စားသောက်ကုန်များ အိမ်တိုင်ရာရောက် လိုက်လံ လှူဒါန်းပေးခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
ထိုသို့ လှူဒါန်းပေးရာတွင် အိမ်ထောင်စု (၁)စုလျှင် ဆန်(၆)ပြည် (၂)အိတ်၊ ဆီ (၅၀)ကျပ်သား၊ ငါးသေတ္တာ (၅)ဗူး၊ ခေါက်ဆွဲခြောက် အထုပ် (၃၀) အစရှိသော စားသောက်ကုန်များကို အိမ်ထောင်စု(၂၀၀) အား We Love South Okkalapa အဖွဲ့မှ အဖွဲ့ဝင်များက အိမ်တိုင်ရာ ရောက်လိုက်လံ လှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ လှူဒါန်းမှုကို We Love Yangon လူထုအခြေပြုပရဟိတအသင်းကြီး၏ အဖွဲ့ခွဲ We Love Yangon – South Okkalapa အဖွဲ့က ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး ခက်ခဲ၍ အလုပ်အကိုင်အခွင့်အလမ်းရှားပါးသော အိမ်ထောင်စုများအတွက် အလှူရှင်များက လှူဒါန်းသော စားနပ်ရိက္ခာများကို မျှဝေလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
နေထက်အောင်(ပြန်/ဆက်)