ပင်လုံမြို့၌ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပင်လုံ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယနေ့ နံနက်(၀၉:၀၀) နာရီအချိန်က (၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများမှ တစ်နှစ်ခွဲအောက်ကလေးများအား ဘီစီဂျီကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယိုသောက်ဆေး၊ ပြင်း​ထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့- ကြက်ညှာ-မေးခိုင်-အသည်းရောင်(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ပိုလီယိုထိုး ဆေး၊ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများကို ကျန်းမာရေးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၎င်းပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ဆေးထိုးခြင်းလုပ်ငန်းကို အပတ်စဥ် ကြာသပတေးနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)