လွိုင်လင်ခရိုင်၊ ကာလိမြို့၌ မဲဆန္ဒရှင်ပြည်သူများ စတင်ကြိုတင်မဲဆန္ဒပြုခြင်း ဆောင်ရွက်

ကာလိ အောက်တိုဘာ   ၂၉

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်ပြည်သူများ စတင်ကြိုတင်မဲ ဆန္ဒပြုခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က ကာလိမြို့ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌  စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်ရှိကြပြီး အဆိုပါ ကြိုတင်မဲဆောင်ရွက်ရာတွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြိုတင်မဲဆန္ဒပြုခြင်း စတင်ဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ ကြိုတင်မဲဆန္ဒမပြုမီ မဲပုံး အတွင်း အလွတ်ဖြစ်ကြောင်းပြသခြင်း၊ ကြိုတင်မဲဆန္ဒပုံးအား သေချာစွာချိတ်ပိတ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူများ ရှေ့တွင် သေချာစွာပြုလုပ်ပြသခြင်းတို့ကို ဆောင်ရွက်ပြသခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများတို့က စတင်မဲဆန္ဒပြုခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ပြန်/ဆက်)