တပ်ကုန်းမြို့နယ် ကျားသေအိုင်ကျေးရွာတွင် “ရွှေလွန်းကျောင်း” ကျောင်းလွှတ်ပူဇာရေစက်ချမင်္ဂလာပွဲ ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျားသေအိုင်ကျေးရွာ၊ သာသနာ့ဝေပုလ္လကျောင်းတိုက်၊ ဆရာတော်နှင့်သာမဏေများ သီတင်းသုံးနေထိုင်ရေးတွင် ကျောင်းဆောင်များ ပိုမိုအဆင်ပြေစေရန်ရည်ရွယ်၍ အလှူရှင် ဦးတင်လွန်း + ဒေါ်ရွှေခိုင် (သမီး) မအေးသီရိခိုင်မိသားစုမှ ဆောက်လုပ်လှူဒါန်းသည့် “ရွှေလွန်းကျောင်း” ကျောင်းလွှတ်ပူဇာ ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဆောင်တွင် ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် တက်ရောက် လာသည့် ဧည့်ပရိသတ်များက အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်ချီးမြှင့်ပေးတော်မူပြီး၊ “ရွှေလွန်းကျောင်း”ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းသည့် ကမ္ဗည်းမော်ကွန်းလွှာများအား အလှူရှင်မိသားစုက ကျားသေအိုင်ကျေးရွာ၊ သာသနာ့ဝေပုလ္လကျောင်းထိုင်ဆရာတော်  ဘဒ္ဒန္တ ဥူးဩဘာသထံ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် လှူဒါန်းမှုအစုစုတို့ကို ဘဒ္ဒန္တဥူးဩဘာသဆရာ တော်က ရေစက်သွန်းချအမျှပေးဝေပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌသုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး၊ ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုး၍ အောင်မြင်စွာကျင်းပခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိသတ်များကိုလည်း ကျွေးမွေးဧည့်ခံကြောင်း သိရသည်။

တင်စိုးလွင်