ဒဂုံမြောက် ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၅၁)ရပ်ကွက်၊ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ကလေးငယ်များအား ထိခိုက်ရှနာဖြစ်ရာမှ မေးခိုင်ရောဂါမှကာကွယ်နိုင်ရန် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း များကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူကလေးငယ် စုစုပေါင်း (၇၃) ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဆရာဆရာမများနှင့် ရပ်ကွက်တာဝန်ရှိသူများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ