ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဒဂုံတောင် ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဦးစီးမှူးဦးသန်းထိုက်၏ ဦးဆောင်စီစဉ်မှုဖြင့် အဖွဲ့()ဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင် ကောက်ကွက်တစ်ကွက်သတ်မှတ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တစ်နေ့လျှင်အဖွဲ့(၄)ဖွဲ့ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ (၁၉၊ ၆၆၊ ၁၇၊ ၇၁၊ သုံးခွ)ရပ်ကွက်များတွင်  အဆောက်အအုံမှတ်တမ်းတင်ခြင်းကို အဖွဲ့(၅)ဖွဲ့မှ ကွင်းဆင်းကောက်ယူကြကြောင်း သိရသည်။

အဆောက်အဦမှတ်တမ်းတင်ခြင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ အဆောက်အအုံတွင် လူနေ/မနေ၊ ကျား၊ မ အရေအတွက်၊ အိမ်ထောင်ဦးစီးအမည်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး