ကြံခင်း အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြံခင်းမြို့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင် က၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲဝင် (၁၄)ဦးနှင့်ဌာနဆိုင်ရာ အကြီးအကဲများ ဖွဲ့စည်းပြီး ရပ်ကွက်/ ကျေးရွာအုပ်စုများ အလိုက်တာဝန်ယူ ညှိနှိုင်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက် များနှင့် အညီကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ကြံခင်းမြို့မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်မှကြိုတင်မဲပေးခြင်း လုပ်ငန်းဆိုင်ရာများကို လည်းကောင်း၊ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားခြင်းအား လည်းကောင်းရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တတ်ရောက်လာသည့် ဌာနဆိုင်ရာများမှ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည္များအား ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၅)စုတွင် မဲရုံပေါင်း(၉၄)ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ(၇၅၄၉၃)ဦး ရှိကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်ထံမှ သိရသည်။
မိုးမိုး(ပြန်/ဆက်)