(၂၀၂၃-၂၀၂၄)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ မူလွန်-မိုင်းခွန်းကျောင်း၌ ကျင်းပ

တနိုင်း ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မူလွန်-မိုင်းခွန်းကျောင်း၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ရာ (G-6) ကျောင်းသား/သူများက "ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း" ဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ထို့နောက် ပညာရေးစုံညီဖွင့်ပွဲ အခမ်းအနားတွင် တနိုင်းခရိုင်ပညာရေးမှူး ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မူလွန်-မိုင်းခွန်းကျောင်း အကျိုးတော်ဆောင် ဦး‌ကျော်ရွှေက ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများအ‌ကြောင်း ဆွေးနွေးတင်ပြပြီး (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွင်း ထူးချွန်ဆု ရရှိခဲ့ကြသည့် ကျောင်းသား/သူများအား ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက   ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသူ/သားလေးများက အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

မနောမြေ(တနိုင်း)