ပုဇွန်တောင် ဇန်နဝါရီ ၂၅
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဟန်စုယဉ်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်း၊ ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များထားရှိရေးနှင့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ဟောပြောသည်။
အခမ်းအနားအပြီးတွင် ဟောပြောပွဲသို့ လာရောက်ကြသည့် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြကြောင်း သိရသည်။
ဟန်စုယဉ်