ပုဇွန်တောင် ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးလောင်မှုဖြစ်ပွားလာပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်လင်းဉီးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာ ရုံးအဆောက်အဦများတွင် မီးဘေးလုံခြုံရေးနှင့် မီးသတ် ဆေးဘူးများ ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများ စစ်ဆေးခြင်းနှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရပ်ကွက်များအတွင်းရှိ အိမ်နှင့်ဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးများတွင် မီးဘေးလုံခြုံရေး လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအတွက် လိုက်လံဆော်ြသခြင်း၊ မီးဘေးကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဆော်သြခြင်း၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟန်စုယဉ်