မင်္ဂလာဒုံ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မင်္ဂလာဒုံခရိုင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွှန့် က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်သန္တာဝင်း က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ အသီးသီးတွင်ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်၊ အဖွဲ့ဝင်(၁) ဦးဇော်ဝင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းကျော်ဦး၊ ခရိုင်ပညာရေးမှူး ဒေါ်သင်းသင်းမြိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာဝင်းနှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများမှ ပအို့ဝ်းတိုင်းရင်းသားရိုးရာ အကဖြင့်လည်းကောင်း၊ အလှကမ္ဘာမြေသီချင်းကို ဂျပန်၊ မြန်မာ တေးသရုပ်ဖော်ဖြင့်လည်းကောင်း ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစိုးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)