မင်္ဂလာဒုံ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် အဆောက်အဦစာရင်းတင်ခြင်း လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာမြို့ပေါ်ရပ်ကွက်များသို့ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် (၂၇)ရပ်ကွက်သို့ ကွင်းဆင်း၍ အဆောက်အဦစာရင်းတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးကော်မတီကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ အရန်မီးသတ်ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် တိုက်နယ်မှူး (လဝက)များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း သိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)