မိုးကောင်း ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ.မ.က အလယ်ရပ်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် အဆိုပါကျောင်း ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို Grade-5 မှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က အမှာစကားပြောကြားပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်ယုယုမင်းက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းသည်။
စုံညီပွဲတော်တွင် ပြည်နယ်အဆင့် ဆုရရှိသူများ၊ မြို့နယ်အဆင့် ဆုရရှိသူများနှင့် ကျောင်းလုပ်ငန်း၊ ပန်းချီ၊ ဆေးရောင်ခြယ်နှင့် အားကစားဆုအပါအဝင် ကာယ၊ ဉာဏဆုရရှိသူများကို မြို့နယ်ပညာ ရေးမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုအသီးသီးချီးမြှင့်ကြသည်။
ထို့နောက် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ရွှေညာသူရွှေညာသား၊ အလှကမ္ဘာမြေ၊ ရန်ကုန်သားလေးကျွန်တော်၊ မြူမှောင်ဝေကင်း၊ ဘရဏီပုံနှုန်း၊ ရိုးရိုးလေး၊ ထာဝရသစ္စာ၊ တောင်ယာ ဝင်ချိန်၊ ဗာရာဏသီ၊ ကြာဆစ်ကြိုး တေးသီးချင်းများဖြင့် ကပြဖျော်ဖြေကြောင်းသိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)