လဲချားတွင် ကြက်ခြေနီရှေးဉီးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲ ကျင်းပ

 လဲချား ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် မြို့နယ်ကျန်းမာရေးဉီးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဉီးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြည်သူ့ဆေးရုံရှိ သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ရှေးဉီးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲဉက္ကဋ္ဌ ဉီးမျိုးဆွေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး သင်တန်းအထောက်အကူပြုပစ္စည်းများနှင့် အင်္ကျီများအား သင်တန်းသူ/သားများထံသို့ ပေးအပ်ခဲ့ရာ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၃ရက်တာကာလနှင့် သင်တန်းသူ/သား (၃၀) ဉီး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)