ကျောက်ဆည် ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျောက်ဆည်ဘဏ်ခွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၆)အုပ်စု၊ လူဦးရေ(၂၃၉)ဦးအား ယာသီးနှံ(၁၁၁၀)ဧက စိုက်ပျိုးနိုင်ရန် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့နံနက်ပိုင်းက တောင်သူများအား စရိတ်ချေးငွေကျပ်သိန်း(၁၁၁၀)ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်မိုးစိုက်ပျိုးစရိတ်ချေးငွေများ၊ ကိုဗစ်-၁၉ အထူးချေးငွေများ၊ ဆောင်းစိုက်ပျိုးစရိတ် ချေးငွေများ အကြေပေးဆပ်ပြီးသော တောင်သူများအားထုတ်ချေးပေးခြင်းဖြစ်ပြီး အဆိုပါဆောင်းသီနှံ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ ဆောင်းဆီထွက်သီးနှံများ၊ ပဲတီစိမ်းနှင့် ပဲမျိုးစုံသီးနှံများ စိုက်ပျိုးနိုင်ရန် ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တောင်သူများ လက်ဝယ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး