မိုင်းယန်းမြို့နယ် ယန်းကောင်ကျေးရွာအုပ်စု၊ တောင်ပေါ်ဒေသကျေးရွာများသို့ ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယန်း ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ယန်းကောင်ကျေးရွာအုပ်စု၊  တောင်ပေါ်ဒေသကျေးရွာများသို့ ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး၊ တရားဉပဒေစိုးမိုးရေးအတွက်  ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ  ကျေးရွာနေပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက နမ့်ခေးမိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၂၇၉)ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးဝေဖြိုးအောင်၊ မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မိုင်းယန်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးခဲ့ပြီး မိုင်းယန်းတပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျေးရွာနေပြည်သူများအား ကျန်းမားရေးစမ်းသပ်စစ်ဆေးပေးခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအား ကျန်းမားရေးကြည့်ရှုစောင့်ရှောက်ပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး