တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ပြင်ဦးလွင်မြို့နယ်၊ ခိုင်သဇင်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် ပန်းစိုက်တောင်သူများအတွက် သွင်းအားစုများပေးအပ်

ပြင်ဦးလွင် ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ခိုင်သဇင်လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်ရှိ ပန်းစိုက်တောင်သူများအတွက် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် သွင်းအားစုများကို ယမန်နေ့နံနက်ပိုင်းကပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ပြင်ဦးလွင်မြို့နယ်၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ကျအဖွဲ့များ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများသည် ခိုင်သဇင်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်ရှိ ပန်းစိုက်တောင်သူ တစ်ဦးလျှင် ကျပ်(၃)သိန်းနှုန်းဖြင့် အသင်းသား (၆၈)ဦးအတွက် ကျပ်သိန်း(၂၀၄)နှင့်ညီမျှသော သွင်းအားစုများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင်၊ပြန်/ဆက်)