စဉ့်ကူး ဇန်နဝါရီ ၂၅
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အဆင်ပြေစေရေးအတွက် ကောက်ကွက်များအလိုက် အဆောက်အအုံအမှတ်စဉ်များ ကွင်းဆင်းဖြည့်သွင်းခြင်းကို မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ အမှတ်(၁) ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူး ဦးအောင်ခန့်ဝေ ဦးဆောင်သော ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးနှင့် အကွက်တာဝန်ခံများက လက်တွေ့ကွင်းဆင်းကောက်ယူလျက်ရှိရာ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နီချစ်၊ အဖွဲ့ဝင် ဦးထွန်းညွန့်ဦးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)