လားရှိုး ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် လားရှိုးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေကြိုင်က အဖွင့်အမှာစကားပြောကြားပြီး မိဘကိုယ်စားလှယ် ဆရာမဒေါ်ခင်မာလာက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)