တပ်ကုန်းမြို့နယ် မဲအင်းကျေးရွာဘုန်းတော်ကျောင်းသို့ ဆန်၊ ဆီ၊ ဆေးများ ဆက်ကပ်လှူဒါန်း

တပ်ကုန်း ဇန်နဝါရီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု၊ မဲအင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် အထူးဆောက်လုပ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းမင်း ဦးစီးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏိ ဿရဆရာတော်အား  ဆန်၊ ဆီ၊ ဆေးနှင့်ဝတ္ထုငွေကျပ် ၅၀၀၀၀ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက်  ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးမောင်အား ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ၁၃ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှုန်းနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဦးအောင်သိန်းအား စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၄ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀နှုန်းနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်း၊ အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွား ၁၀ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းနှင့် အားဆေး၊ ကြက်ဥများ ထောက်ပံ့ပေးအပ်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်