ညောင်ဦး ဇန်နဝါရီ ၂၅
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးမြို့နယ်၊ ပုဂံမြို့ ထွန်းတောက်နေ ကိုယ်ပိုင်အခြေခံပညာအထက်တန်းကျောင်း၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြားခံဆွေးနွေးသူအဖြစ်ဆောင်ရွက်သူ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားကာ ဦးဆောင်ဆွေးနွေးသူများဖြစ်သည့် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ပုဂံမြို့ ထွန်းတောက်နေကိုယ်ပိုင်အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးတို့မှ ဦးဆောင်၍ မောင်အောင်မြင့်ကို (Grade-11)က လူငယ်နှင့်မူးယစ်ဆေး၊ မကြယ်စင်မေ (Grade-10)က လူငယ်နှင့်စာပေ၊ မောင်သိန်းသန်းထိုက် (Grade-9)က လူငယ်နှင့်အားကစား၊ မနှင်းနှင်းအိ (Grade-10)က လူငယ်နှင့်နည်းပညာဆိုင်ရာ အကြောင်းအရာခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့်အရာထမ်း၊ အမှုထမ်းများ၊ ညောင်ဦးခရိုင်၊ စာသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ ပုဂံမြို့ ထွန်းတောက်နေကိုယ်ပိုင်အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း