မြစ်သားမြို့နယ်တွင် ဆင်းရွှေကြာ(၂)နေကြာ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း

မြစ်သား ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆင်းရွှေကြာ(၂)နေကြာစိုက် တောင်သူများအနေဖြင့် နေကြာသီးနှံထွက်ရှိချိန်တွင် အထွက်နှုန်းကောင်းပြီး စျေးကောင်းရ၍ အဆင်ပြေနေကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ  ဆီထွက်သီးနှံများဖြစ်သည့်  မိုးနှမ်း၊ ဆောင်းနှမ်း၊ နွေနှမ်း၊ သုံးလမြေပဲ၊ ခြောက်လမြေပဲများကို  စိုက်ပျိုးကြသည့်အပြင် ဆင်းရွှေကြာ(၂)နေကြာကိုလည်း စီးပွားဖြစ်တောင်သူကြီးများစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံနေကြာသည် အခြားဆီထွက်သီးနှံများနှင့် နှိုင်းယှဥ်ကြည့်လျှင် စိုက်ပျိုလွယ်ကူသောသီးနှံဖြစ်သည်။ ယခုနှစ်တွင် ဆင်းရွှေကြာ(၂) နေကြာတစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ(၄)သိန်း ခွဲခန့်ကုန်ကျပြီးတစ်ဧက ထွက်နှုန်းမှာ (၂၅) တင်းမှတင်း(၃၀)ထိထွက်ရှိကာ တစ်တင်းကိုကြိတ်ခွဲလျှင်ဆီပိဿာ  (၃) ပိဿာခွဲမှ (၄) ပိဿာထိ ထွက်ရှိကြောင်း၊ တစ်တင်းစျေးနှုန်းမှာ (၅၀၀၀ဝိ/) ကျပ်နှင့် (၆၀၀၀ဝိ/) ကျပ်ခန့်ရှိကြောင်း၊ လက်လီစျေးနှုန်းမှာ တစ်ပိဿာလျှင်(၁၅၀၀၀ိ/)ကျပ်မှ (၁၆၀၀၀ိ/)ကျပ်ဖြင့် ရောင်းချကာ ဆင်းရွှေကြာ(၂) နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဝက်ထိန်းအုပ်စု၊ တဲကြီးကျေးရွာနေ တောင်သူဦးစိုးဝင်းထံမှ သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)