ကြည့်မြင်တိုင်မြို့နယ်တွင် အငြိမ်းစားပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ကြည့်မြင်တိုင်   ဇန်နဝါရီ   ၂၅

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်အတွင်းရှိ ကြည့်မြင်တိုင်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အငြိမ်းစားပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သွေးချို၊ ဆီးချို၊ သွေးတိုးစမ်းသပ်စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူးရုံးမှ ဒေါက်တာခင်မောင်လွင်၊ အနောက်ပိုင်းခရိုင် ပြည်သူ့ဆေးရုံမှ ဒေါက်တာဒေါ်ခင်နန်းလုံနှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာသို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးကျော်ဇာနည်လွင်၊ ကြည့်မြင်တိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဉီးအောင်မြတ်ထိုက်နှင့် အဖွဲ့ဝင်တို့က ကြည့်ရူစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)