အလုံ ဇန်နဝါရီ ၂၄
ရန်ုကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သဇင်ခိုင် ဦးဆောင်သည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီက အလုံမြို့နယ် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင် ဦးဆောင်၍ ဦးစီးအရာရှိ (သွားကျန်းမာ)ဒေါက်တာမေသီရိနှင့် ဦးစီးအရာရှိ (မိခင်ကလေး ၊ကျောင်း ကျန်းမာ၊ အာဟာရ) ဒေါ်မိုးသီတာဦး၊ ဒေါ်မိုးမိုးအောင် (သူနာပြု)၊ ဒေါ်ဆွေဆွေနွယ် (သားဖွားဆရာမ) တို့မှ 97 ကျောင်းအခြေပြု Snellen Chart ဖြင့် ကျောင်းအခြေပြုပဏာမ မျက်စိစစ်ဆေးပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ရာ အသက် ၅ နှစ် ပြည့်ပြီး ၇ နှစ်မ ကျော်သော KG ကျောင်းသား၊ ကျောင်းသူ (၂၄) ဦးအား DT ထပ်ဆောင်းထိုးနှံပေးခြင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ (၆၀)ဦးအား မျက်စိစစ်ဆေးခြင်းနှင့် သွားကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)