ကြံစို့ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကျောက်ပန်းတောင်း  ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြံစို့ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင်၊ ကျောင်းအခြေပြု အသိပညာပေးလုပ်ငန်းအဖြစ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကြံစို့ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအိကအဖွင့် အမှာစကားပြောကြားရာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ဟောပြောသည်များကို သေချာစွာ လေ့လာမှတ်သား၍ မရှင်းလင်းသည်များကို ပြန်လည် မေးမြန်းကြရန်မှာကြားသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူရေးရာကာကွယ်ရေးနှင့် စားသုံးရန်မသင့်သော အစားအသောက် ထုတ်ကုန်ပစ္စည်းများအကြောင်းကိုလည်း‌ကောင်း ရှင်းလင်းဟောပြောကြသည်။ ယင်းနေားကက် ကျောင်းသားကျောင်းသူလေးများနှင့် အမေးအဖြေ ကဏ္ဍကိုဆက်လက် ပြုလုပ်ကြပြီး၊ မေးမြန်း/ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူလေးများအား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြပြီး၊ ကျောင်းအကျိုးတော်ဆောင် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ကျောင်းသား၊ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ဘုတ်များအား ကြည့်ရှုလေ့လာကြရာ ဒုတိယ ဦးစီးမှူး ဒေါ်သဲဖြူက ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေသက် နွယ်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့် ဝန်ထမ်းများ၊ ကြံစို့အ.လ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအိနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၁၆၈ ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)