မရမ်းကုန်းမြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်

မရမ်းကုန်း  ဇန်နဝါရီ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်) အဆောက်အအုံ စာရင်းသွင်းခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက  မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်၌ စတင်ဆောင်‌ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးဦးသန့်ဇင်နှင့် ဝန်ထမ်းများက မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်အတွင်း စတင်‌ဆောင်ရွက်နေမှုများကို မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်ဟိန်း၊ လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာန ခရိုင်မှူး ဒေါ်အေးခိုင်အုန်းတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူခြင်း လုပ်ငန်းအတွက် တိုင်းဒေသကြီး/ ပြည်နယ်များသို့ မြို့ပြရပ်ကွက်များတွင် သန်းခေါင်းစာရင်းယူနစ်များ (Census Unit) ရေးဆွဲခဲ့ပြီး အဆောက်အဦများ၏ တည်နေရာ၊ အရေအတွက်၊ အမျိုးအစား၊ အသုံးပြုမှုနှင့် လူနေထိုင်သောအိမ်ထောင်စု အရေအတွက်တို့ကို မှတ်တမ်းတင်သိရှိနိုင်ရန် အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၀) ခုအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)