သင်္ဃန်းကျွန်း ဇန်နဝါရီ ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၊ Community Centre ခန်းမ၌ ဆေးလိပ်နှင့်ကွမ်းယာရှောင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနံက် ၁၀ နာရီခွဲအချိန်က အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူငယ်များအနေဖြင့် ကွမ်းယာနှင့်ဆေးလိပ်သောက်သုံးခြင်းသည် သုံးစွဲသူများအတွက် ဆိုးကျိုးအန္တရယ်ဖြစ်စေနိုင်သည့်အတွက် သုံးစွဲရန်မသင့်ကြောင်းနှင့် ကွမ်းယာစားသုံးခြင်းသည် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာပြွန်ကင်ဆာများ ဖြစ်စေနိုင်ပြီး နှလုံးရောဂါကိုပို၍ ဆိုးရွားစေသည်။ သွားဖုံးကိုပျက်စီးစေ၍ သွားအခြေမခိုင်ခြင်း၊ သွားများကိုလည်း ကျွတ်စေသည်ဟု ပြောကြားခဲ့သည်။
ဆေးလိပ်ကို စောစီးစွာသောက်ပါက ကုတ်ကင်း၊ ဟီရိုကင်းစသော မူးယစ်ဆေးဝါး သုံးစွဲမှုအလားအလာ ပိုမိုများလာနိုင်ပါသည်။ အလွန်အမင် ဆေးလိပ်သောက်သုံးခြင်းသည် မူးယစ်ဆေးဝါးဘက်သို့ ဦးတည်နိုင်သောကြောင့် စောစီးကတည်းက ဆေးလိပ်နှင့် ကွမ်းယာကို ရှောင်ရှားရမည်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် Community Centreခန်းမတွင် ပြသထားသည့် ဆေးလိပ်နှင့်ကွမ်းယာရှောင် နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သိန်းအောင် (ပြန်/ဆက်)