တနိုင်း၊ ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ အချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန့်နေ့ နံနက်(၉) နာရီက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းကို တနိုင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနခရိုင်ဦးစီးမှူး ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူများက ပြုလုပ်ရန်ကျန်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက်အလက်စိစစ်ကောက်ယူပြီး Database တွင် သိမ်းဆည်း၍ မတူညီဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ကတ်ပြားများ ဆောင်ရွက် ထုတ်ပေး ခဲ့သည်။
ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းသည် အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး (၁၀)နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) ဖြင့် ခွင့်ပြုသူ၊ အမြဲနေ အခွန်ဆောင် နိုင်ငံခြားသားတို့၏ Biographic Data နှင့် Bio metric Data များကောက်ယူ၍ ဂဏန်း (၁၀)လုံး ပါ၀င်သည့် Unique ID နံပါတ် သတ်မှတ်ပြီး မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဖြစ်ကြောင်း၊ E-ID စနစ်ကို အကောင်အထည် ဖော်ခြင်းအားဖြင့် နိုင်ငံအတွက် လိုအပ်သည့်အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ပြီး နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်