သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ရေးသူ၊ ဖတ်သူ ဆွေးနွေးခြင်း စာဖတ်ဝိုင်းပြုလုပ်

သာကေတ   ဇန်နဝါရီ    ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့မှ ယနေ့နေ့လယ် (၁:၀၀)နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရေးသူ၊ဖတ်သူ ဆွေးနွေးခြင်းစာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ဆောင်းနှင်းဖြူမှ စာပေကဏ္ဍတိုးတက်ရေး လစဥ်မပြတ်ဆောင်ရွက်သည့် စာဖတ်ဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub)နာယက ဦးမတ်၊ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်မှ မုဒိတာစကားကို ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် အလယ်တန်းကျောင်းအုပ်(ငြိမ်း)၊ စာရေးဆရာမ ဇွန်ဖြူ(ပညာရေး) ကကိုယ်တိုင်ရေးသားထားသည့် ”ဖွားပွင့်ဟောစံမြတ်နိဗ္ဗာန်သို့စာအုပ်သည် မိမိ၏ ပထမဦးဆုံးသော ဗုဒ္ဓပူဇာမဇ္စျိမဒေသဗုဒ္ဓဂယာခရီးသွား ကိုယ်တွေ့မှတ်တမ်းဖြစ်ကြောင်း၊ ရေးသားဖြစ်ပေါ်လာ ပုံ၊ဗုဒ္ဓဂယာခရီးစဥ်တစ်လျှောက် ဖူးမြင်တွေ့ကြုံမှုများ၊ သံဝေဂမှတ်သား စရာရေးသားချက်များအား ဆွေးနွေးခဲ့ကာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များက စာရေးဆရာမ ဇွန်ဖြူ(ပညာရေး) ရေးသားသည့် “ဖွားပွင့်ဟောစံမြတ်နိဗ္ဗာန်သို့ ဗုဒ္ဓပူဇာခရီးသွားမှတ်တမ်း စာအုပ်အပေါ်ခံစားရှု့မြင်သည့် အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ရေးသူ၊ဖတ်သူ ဆွေးနွေးခြင်း စာဖတ်ဝိုင်းကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)