၂၀၂၃ /၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေး စုံညီပွဲတော်အခမ်းအနား အ.ထ.က(၂)ကျောင်းတွင် ကျင်းပပြုလုပ်

မှော်ဘီ   ဇန်နဝါရီ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ၂၀၂၃ /၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “ပညာရေးစုံညီပွဲတော်အားကြိုဆိုပါသည်” စုံညီပွဲတော်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ကာ အခမ်းအနားတွင် မှော်ဘီမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စမ်းစမ်းဝင်း က  အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်း/ ခရိုင်/ မြို့နယ် ကာယ၊ဉာဏပြိုင်ပွဲ အသီးသီးတွင်ဆုရရှိသော ကျောင်းသား၊ကျောင်းသူများကို မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်နှင့်ဇနီး၊ မှော်ဘီခရိုင်ပညာရေးမှူး ဦးအေးလွင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင် (၂) ဦးဝင်းစိုး၊ အဖွဲ့ဝင်(၃) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများက တေးသရုပ်ဖော် အက၊အလှ များဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ရှိသူများက စုံညီပွဲတော်တွင် ပြသထားသော ပြခန်းများအား လှည့်လည်အားပေးကြည့်ရှုခဲ့ကြပြီး အခမ်းအနားသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မှော်ဘီခရိုင်ပညာရေးမှူး ဦးအေးလွင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ ဆုရကျောင်းသား၊ကျောင်းသူများ၊ မိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)