မဟာအောင်မြေ ဇန်နဝါရီ ၂၄
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် စုံညီပွဲတော်နှင့်ဘက်စုံ ထူးချွန်ဆုပေးပွဲအခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယမန်နေ့က ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းသား/သူလေးများမှ "စုံညီပွဲတော် ဒို့နွှဲပျော်"သီချင်းဖြင့် ကပြသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီးဦးမင်းသိန်းက အဖွင့်အမှာစကားပြောကာ ကျောင်းအုပ်ဆရာကြီးမှ (၂၄)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင်ဆုရ ကျောင်းသူတစ်ဦး၊ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပထဝီဝင်ဘာသာဂုဏ်ထူးရကျောင်းသားတစ်ဦးနှင့် သင်ကြားမှုထူးချွန်ဆုရ ဆရာ၊ ဆရာမများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားအား ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။
၂၀၂၃-၂၀၂၄ပညာရေးစုံညီပွဲတော် အခမ်းအနားအား မဟာအောင်မြေမြို့နယ် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာကြီးဦးမင်းသိန်း၊ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းသား/သူများ၏ မိဘများ၊ကျောင်းသား/သူများ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း