ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။        

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားပြီး ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးထိန်လင်း၊ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သန်းခေါင်းစာရင်း ကောက်ယူခြင်းကို ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်းနှင့် ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်း  လုပ်ငန်းစဉ် (၄)ရပ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာများ၊ စာရင်းစစ်၊ စာရင်းကောက်များက ကောက်ကွက်များတွင် CAPI စနစ် Mobile Phone Tablet အသုံးပြု၍ အောက်တိုဘာလတွင် ကောက်ယူနိုင်ရေးဆိုင်ရာ စသည့်လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း‌ ဆောင်ရွက်ပေးသည်။  

အောင်ဇင်မြင့်(ပြန်/ဆက်)