ဒေးဒရဲ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျုံမှော်ကျေးရွာနှင့် ကျောက်စရစ်ကျေးရွာ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာချင်းဆက်မြေသားလမ်းကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း (၂၀၀) ကျပ်ဖြင့် ကျုံမှော်ကျေးရွာနှင့် ကျောက်စရစ်ကျေးရွာကြား မြေသားလမ်းအရှည် (၆၂၇၇)ပေ၊ အလျား (၆)ပေ၊ ထု (၄) ပေရှိ ကျေးရွာချင်းဆက်လမ်း ခင်းကျင်းပြီးစီးမှုအား မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း