မိုးကုတ်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

မိုးကုတ် ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက် အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့မရပ်ကွက်၊ ဘိုကုန်းရပ်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးကုတ်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အဦးစာရင်းတင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့မရပ်ကွက်၊ ဘိုကုန်းရပ်အတွင်း အဆောက်အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအဆောက်အဦးသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့က မြို့မရပ်ကွက်တွင် အ​ဆောက်အဦး(၇၇)လုံးကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဇန်နဝါရီလ  ၂၃ ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်()ရပ်ကွက်တွင် အဆောက်အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)