လားရှိုးမြို့ရှိ ဈေးများ၊ စားသောက်ဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မြို့တွင်းလမ်းများတွင်လည်း စည်ကားလျက်ရှိ

လားရှိုး ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဈေးများ၊ စားသောက်ဆိုင်များနှင့် အနားယူ အပန်းဖြေရာ နေရာများတွင် ယခင်အတိုင်း ပုံမှန်ဖွင့်လှစ်လျက်ရှိနေပြီး  စည်ကားလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့သို့ ပတ်ဝန်းကျင်မြို့များမှ ဒေသခံများလည်း လာရောက်၍ ကုန်စည်ကူးသန်းရောင်းဝယ်လျက်ရှိကြရာ မြို့မဈေးကြီးနှင့်  ဈေးဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များတွင်လည်း အရောင်းအဝယ်ပြုသူ၊ စားသောက်ကြသူ၊ လည်ပတ်ကြသူများဖြင့်  ပုံမှန်အတိုင်း စည်ကားလျက်ရှိသည်။

“အခုတလော စားသောက်ဆိုင်တွေ၊ မြို့တွင်းလမ်းတွေမှာ ပုံမှန်အတိုင်းပဲ စည်ကားလျက် ရှိနေပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မကွေးစတဲ့ မြို့တွေကို ပြေးဆွဲနေတဲ့ လိုင်းကားတွေလည်း ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိနေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းတွင်  အရောင်းအဝယ်များ အနည်းငယ်ရပ်တန့်သွားခြင်း၊ ခရီးသွားများလာရောက်မှု နည်းပါးသွားခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ ပုံမှန်အတိုင်း ပြန်လည်စည်ကားနေပြီဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)