ညောင်တုန်း ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်စားဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲ (ညောင်တုန်း) ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်စားဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိစီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ပင်စင်စားဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥစသည့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)