ကျိုင်းတုံ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က ကျိုင်းတုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ကတ်ဖ)၌ ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က လူငယ်လူရွယ်များအနေဖြင့် အားလပ်ချိန်များတွင် အခြေခံပညာကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရေးအတွက် သုတ၊ ရသစာပေများ ဖတ်ရှုလေ့လာကြရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျးဇူများ၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပြီး မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)