မန္တလေး ဇန်နဝါရီ ၂၄
အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ အကွက်(၉၅)ရှိ အမှတ်(၂၈)အခြေခံပညာ မူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၊ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ လက်ထောက်မြို့နယ် ပညာရေးမှူး ဒေါ်မင်းမင်းစိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝေနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်သောင်းနှင့် ရာအိမ်မှူးများ၊ ကျောင်းသား/သူများ၊ မိဘများ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ စုစုပေါင်း ၁၅၀ ဦးခန့်တက်ရောက်ကြသည်။
အခမ်းအနားကို အလယ်တန်း ကျောင်းသားကျောင်း သူများက“ ဇာတိမာန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြသည်။ထို့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန်းဝေနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်သောင်းတို့က အဖွင့်အမှာစကားပြောကြားကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ ထူးချွန်ဆုရ ဆရာမများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများချီးမြှင့်ပေးကြသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း၊အောင်မြေသာစံ(ပြန်/ဆက်)